Thursday, October 18, 2012

အလင်းနှင့်အမှောင်


အလင်းနှင့်အမှောင

              ကျေးဇူးတော်ရှင် မကွေးဆရာတော်ဘုရားကြီး၏  တပည့်တစ်ဦး  ဖုန်းဆက်၍  သတင်းပေးသည်။ ဆရာတော်ဘုရားကြီး ဘ၀နတ်နန်းစံလွန်တော်မူသည်မှာ  မတ်လ ၂၉ ရက်နေ့တွင်  တစ်နှစ်ပြည့်ပြီတဲ့။ တပည့် များ ကျေးဇူသိလိုက်ကြပါဘိ ။ဆရာတော်၏ကျေးဇူးတရားများကိုအမြဲမပြတ်အောက်မေ့နေကြေသည်ဟုပင် တွေးမိသည်။ အကယ်တန္တု ဆရာတော်ဘုရားကြီး၏ကျေးဇူးတရားများကိုမပြတ်အောက်မေ့နေမည်ဆိုကလည်း အောကမေ့နေသင့်သည်ပင်။   ဆရာတော်  သာသနာတော်ကြီးသန့်ရှင်းစွာတည်တံ့စေလိုသောဆန္ဒတော် ရှိသည်နှင့်အညီသာသနာတော်အပေါ်၌ များစွာကြောင့်ကြတော်မူသည်မှာ အသေအချာပင်။                                ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ဆရာတော်အချင်းချင်း အာလာပသလ္လာပပြောရင်း ဆရာတော်၏      ဓမ္မ   အဓမ္မ   အပေါ်ယူဆချက်တစ်ချို့ ကိုမှတ်သား ခွင့်ရခဲ့ဖူးသည်။ ဆရာတော်၏ ယူဆချက် ကရှင်းသည်။ ဓမ္မမှ  မဟုတ်ရင်  အဓမ္မ ပေါ့ကွာ  တဲ့။ မိန့်ကြားချက်က တိကျသည်။ ပြတ်သားသည်။ သြဇာရှိသည်။  အပိုအလိုမရှိ။ ဆရာတော်ကြီးထံမှ အမှတ်ထင်ထင်ရလိုက်ဖူးသော သြ၀ါဒဖြစ်သည်။လောကကြီးတွင်အရှိတရား မှာလည်း   ဓမ္မနှင့်အဓမ္မသာဖြစ်သည်။  ဓမ္မ သည်         လောကအားကောင်းကျိုးပေး၍ အဓမ္မသည် ဆိုးကျိုးကိုသာပေးနိုင်လေသည်။ ဓမ္မသည် ကုသိုလ်တရားကိုတိုးပွားစေ၍အဓမ္မသည် အကုသိုလ် တရားများကိုသာပွားများလာစေမည်သာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောကကြီးသာယာ လှပနေ သေရန်မှာ ဓမ္မရှိနေဖို့လိုသည်။ ဓမ္မသည်သာလောက ကောင်းကျိုးကိုပေးစွမ်းနိုင်မည်။ ဓမ္မသည်အလင်းဖြစ်၍ အဓမ္မသည်အမှောင်ဖြစ်၏။
                      စာပေသင်တန်း တစ်ခုတွင် ဆရာတစ်ယောက်ပြောသွားခဲ့ဖူးသော ပုံပြင်လေးတစ်ပုဒ်ကို
သတိရမိသည်။ တစ်ခါက အမှောင်နှင့် အလင်းတို့သည် တရားပြိုင်များဖြစ်ခဲ့ကြဖူးသည်တဲ့လေ။ အမှောင်က သူသွားလိုသောနေရာအထူးသဖြင့်အလင်းရှိသောနေရာများကို စိတ်ဆန္ဒရှိတိုင်းသွားမရသဖြင့် တရားရုံး တစ်ခုတွင် တိုင်ချက်ဖွင့်ကာ တိုင်တန်းသည်။ ထိုအခါခုရုံးက ဆုံးဖြတ်ချက်ပေးနိုင်ရန် တရားလို့အမှောင်ရော တရားခံအလင်းကိုပါ ရုံးတော်သို့တင့်ခေါ်ရတော့သည်။ ပထမအကြိမ်ဆင့်ခေါ်သည်။  အလင်းရောက်လာသည်။ အမှောင်ကားမလား။ သို့နှင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆင့်ခေါ်ရပြန်တော့သည်။ သို့နှင့်မျက်ကွယ်ဆုံးဖြတ်ချက်နှင့်ပင် အလင်းအားအနိုင်ပေးလိုက်ရတော့သည်။ အမှောင်သည်ကားအလင်းနှင့်အညီချိန်းဆိုတိုင်း လာမည်မဟုတ်ပေ။ ဘယ်တော့မှလည်း  အလင်းနှင့်ဆုံရဲမည်မဟုတ်ပေ။  အဘယ်ကြောင့်ဆိုသော်အလင်းရှိနေသမျှ အမှောင်ရှိ၍ မရသောကြောင့်ပင်ဖြစ်သည်။
           ပုံပြင်၏သာဓကမှာ ထင်ရှားသည်။ အလင်းကြီးစိုးနေလျှင်အမှောင်မရှိနိုင်ပါ။  ဓမ္မကြီးစိုးနေလျှင် အဓမ္မအတွက်နေရာမရှိနိုင်ပါ။ ကမ္ဘာလောကသာယာလှပနေစေရန်  ဓမ္မရှိနေဖို့   လိုသည်။ မသူတော်တရားများ ထွန်းကားလာ၍သူတော်ကောင်းတရားများဆိတ်သုဉ်းလာလျှင် လူ့ဘောင်လောကပျက်စီးဖို့သာရှိတော့သည်။ ထို့ကြောင့် မသူတော်တရားများမထွန်းကားမီ သူတော်ကောင်းတရားများ မဆိတ်သုဉ်းမီ လူတိုင်းကိုယ်စီ  ဓမ္မအလင်း  ဓမ္မအသိရှိကြဖို့လိုသည်။ မြတ်ဗုဒ ၏ စစ်မှန်သောဓမ္မရှိနေရန်   သတိကိုတမံ    ဥာဏ်ကို မြေကတုတ်ဖြင့်  ၀ိုင်းဝန်းကာကွယ်သွားကြရမယ်ဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါသတည်း။
                                                                                              ဓမ္မဥပဒေဘက်တော်သား

No comments:

Post a Comment